Friday, January 27, 2012

ဦးရဲကျော်စွာ ၏ ကိုယ်ရေးရာဇ၀င်


ဦးရဲကျော်စွာ ၏ ကိုယ်ရေးရာဇ၀င် ။ 

၁၃၁၈ ပြာသိုလ်လပြည့် ကျော် ၈ ရက် ဗုဒ ဟူး နေ့ ( ၂၃-၁-၁၉၅၇ ) တွင် အဖ ဦး လှမြတ်စိုး ၊ အမိ ဒေါ်လှလှချိန် တို့  မှ ဖွားမြင် ခဲ့ ပြီး ၊မွေချင်း ၆ ယောက် အနက် သြရဿ သား ကြီး ဖြစ်သည် ။ မိခင် ဘက် မှ အဖိုး မှာ  အငြိမ်းစားလ/ထ ပညာမင်းကြီး ဦးချိန် ၊ အဖွား ဒေါ် သန်းတင် နှင့် ဖခင် ဘက် မှ အဖိုး မှာ ဦးလှ အဖွား ဒေါ်ရွှေ ဆင် ( ယခင် လှအလွတ်ပညာသင်ကျောင်း ) တို့  ဖြစ်ကြ သည် ။ ငယ်စဉ်တလျှောက် လုံး ၊ မိခင်ဘက်မှ အဖိုးအဖွား တို့  ၏ အရိပ် အောက် တွင် ကြီး ပြင်း ခဲ့ရသည် ။ ငယ်နာမည် မောင်ဥသြဟုတွငိ သည်။

သူငယ်တန်း မှ ပထမတန်း အထိ စိန်မေရီဒိုင်အိုစီဇင်မိန်းခလေးကျောင်းတွင် ပီတာဥသြ ဘ၀ ဖြင့် ပညာသင် ကြားခဲ့သည်။ ၁၉၆၅ ခုနှစ်မှစ ၍ ပု ဂ္ဂ လိကကျောင်းများ ပြည်သူပိုင် သိမ်းသဖြင့်၊ စိန်ဂျွန်းဒိုင်အိုစီဇင်ယောက်ျား  လေး ကျောင်း အား ( အထက (၁) လမ်းမတော် ) ဟုခေါ်တွင်လာရာ ၊ ထိုကျောင်း တွင် ဒုတိယတန်း မှ ဒဿမတန်း အထိ ပညာသင်ယူ ခဲ့သည်။  အထက (၁) လမ်းမတော် တွင် ကျောင်းစာကြည့်တိုက် ဖြစ်မြောက်ရေး ၊ နံရံကပ်စာစောင် လှု ပ် ရှား မှု များတွင်ပါဝင်ခဲ့ရာမှ ၊ က၀ိအားမာန် စာပေအသင်း ၊ တက်လူ စာကြည့်တိုက် တို့ကို သူငယ်ချင်းတစ်စုဖြင့် တည်ထောင် ဖွဲ့စည်းခဲ့သည် ။

၁၉၇၁ တွင် ကျောင်းသားများညီညွတ်ရေးတပ်ဦး ( ကညသ ) ( အထက ၁ လမ်းမတော် ) ကို ဖွဲ့ စည်း ခဲ့ ပြီး ကျောင်းတွင်း ကျောင်းသားရေးရာများ ကို၊ ဦးဆောင် လှုပ်ရှားခဲ့ကြသည် ။ ၁၉၇၂ တွင် နိုင် ငံ ရေး စာပေလေ့လာရေးအသင်း ကို ဖွဲ့ စည်း ခဲ့သည် ။ ပြင်ပမိတ်ဆွေများ ဖြင့် လည်း အတွေးသစ် စာပေ အင်အားစု ကို ဖွဲ့ စည်း  ၍ က ဗျာ စာပေ ရေး စုစည်း လှုပ်ရှား ခဲ့ ပြန်သည် ။ ၁၉၇၃ တွင် နိုင်ငံရေး အမြင်တူ သူ များ စုပေါင်း ၍ ၊ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး ( မြန်မာပြည် ) PLF ကို ဖွဲ့ စည်း ထူထောင်ခဲ့ သည် ။ ထို တပ်ဦး (PLF )  မှ ၁၉၇၄ ခုနှစ် ဆိုရှယ်လစ် တစ်ပါတီ ဖွဲ့  စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကို ဆန့် ကျင် သော စာရွက်စာတမ်း များ ရန်ကုန်မြီု့ တလျှောက် ဝေငှဖြန့် ချိ ခဲ့ သဖြင့် ပုဒ်မ  ၁၂၄ (က )  နိုင်ငံတော်အစီုးရအကြည်ညို ဖျက်မှု ဖြင့် ပထမဦးဆုံးအကြီမ် ထောင် ၁ နှစ် ၆ လ ကျခံခဲ့ရသည် ။

၁၉၇၄ ဒီဇင်ဘာ တွင်ထောင် မှ လွတ် ပြီး ၁၉၇၅ တွင် ဒဿမ တန်းကို ၂ ဘာသာဂုဏ်ထူးဖြင့် အောင် မြင်ကာ စီးပွားရေး တက္က သိုလ် ပထမ နှစ် ကျောင်းသား ဖြစ် လာခဲ့ ပြန်သည် ။ Third Line Fronts( တတိယလမ်း ) တပ်ဦးများပေါင်းစည်းရေး မြေအောက် လှူပ်ရှားမှု များ ၊ ၁၉၇၅ ဇွန် အလုပ်သမား ကျောင်းသား လှုပ်ရှားမှုများ ၊ ၁၉၇၆ မှိုင်းရာပြည့်ကျောင်းသားသပိတ် တို့  တွင် တက် ကြွ စွာပါဝင် ခဲ့ သဖြင့် ၊ ၁၉၇၆ သြဂုတ် ၈ တွင် စစ်ခုံရုံး မှ ပုဒ်မပေါင်းများစွာဖြင့် ထောင် ၅ နှစ် ချခဲ့သည်။

၁၉၇၆-၇၈ ဧပြီ အထိ အင်းစိန် ထောင် တွင် နေ ထိုင် ခဲ့ရပြီး နောက် ၊ စီးပွားရေး တက္ကသိုလ် မှ ထုတ် ပယ် ခံရကာ ၊ စာပေးစာယူ ဥပဒေ ပထမ နှစ် သို့  အတင်း ပြောင်း ပစ် ခံခဲ့ ရာမှ ၊ ၁၉၈၂-၈၃ တွင် ဥပဒေ ဘွဲ့  ရ ရှိ ခဲ့ ပြီး ယခုတိုင် တရားရုံးချုပ်ရှေ့ နေ ဖြစ် သည် ။ ၁၉၇၈ မှ ၁၉၈၉ အ ထိ ဦးရဲကျော်စွာ အင်္ဂလိပ်စာ အတတ်သင် ကျောင်း ၊ သ ဒ္ဒါ နှင့် ဘာသာပြန်သင်တန်း  ၁၉၉၀ မှ ၂၀၀၂ အထိ ဆယ်တန်း အင်္ဂလိပ်စာ အထူးသင်တန်း များ ၊ M.A. History; MA English; MA Eco ; Translation Course များ ကို စမ်းချောင်း မြို့ နယ် တွင့် အ ခြေ စိုက် ၍ ၊ သင် ကြား ပို့  ချ ပေးနေ ခဲ့သည် ။ ၁၉၈၀ ဂျာမန်ဘာသာစကား ကို နိုင်ငံခြားဘာသာသင် သိပံ  ၌ နောက် ဆုံးနှစ် အထိ တက်ရောက်ခဲ့ သည် ။

၁၉၇၉-၈၀ ကာလ မှ ၁၉၈၈-၉၀ တ လျှောက် လုံး  နိုင်ငံရေး စာပေ သုတေသီ အဖြစ် နိင်ငံရေး သိပံ  ၊  နိုင်ငံေ၇းဘောဂဗေဒ ၊  နိုင်ငံခြားရေးဝါဒ တို့  ကို အထူး ပြု စောက်ချ လေ့လာဆည်းပူး နေ ခဲ့ သည် ။ ၁၉၉၁-၉၂ မှ စ ၍ အမျိုးသားပြန်လည်သင့်မြတ်ရေး နှင့် ပြုပြင်ပြောင်းလဲရေး လမ်းစဉ်အလို့ ငှာ political diplomacy movements များစွာ တွင် ၊ ယနေ့  တိုင် ပါဝင် ဆောင်ရွက်လျက် ရှိ သည် ။

၁၉၉၀ ရွေး ကေက်ပွဲ တွင် ဦးနု ၏ ဒီမိုကရေစီ နှင့် ငြိမ်းချမ်းရေး ပါတီ ကို ထောက်ခံ အားပေးခဲ့ သည် ။ စမ်းချောင်း ဦးဂွယ် လမ်း မှ ဒီမိုကရေစီ တပ်ပေါင်းစု ဖြစ် မြောက်ရေး ၊ ဦးနု နှင့် ပူးပေါင်းရေး တို့  အ တွက် နောက်ကွယ် မှ အ ထူးကြိုးပမ်း ပေးခဲ့သည် ။

ဖခင် ဖြစ်သူ ဦး လှမြတ်စိုး မှာ ဂဠုန်ဦးစော ၏ မျိုးချစ် ပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည် ။

အဖွားလေး ဒေါ် ကက်သရင်းခင်ခင် ( ပြည် ခင်ခင် ) ၊ ဦးလေး ဦးလှစိုးလွင် ၊ အဒေါ် ဒေါ်လှယဉ်နု ၊ ဒေါ်လှယဉ်မြင့် တို. မှာ သခင်ဗစိန် ၏ ဗမာပြည် ဒီမိုကရက် အဖွဲ့ မှ ခေါင်းဆောင်မျာှး ဖြစ်ကြသည် ။

လက်ျာ နိုင်ငံရေး လမ်း စဉ် ကို သာ ယုံကြည် ပြီး ၊ ကွန် မြူ နစ် ဆန့်  ကျင် ရေး အမြင် ကို လက်ကိုင်ထား သည် ။

ဇနီး ဒေါ်သီသီနွယ် သား မောင် ရဲသီဟ တို့ နှင့် အတူ ၊ရန်ကုန် မြို့  တွင် နေ ထိုင် လျှက် ရှိ သည် ။


၁၀ ရက် ဧပြီ လ ၂၀၁၀ ခုနှစ် ။