Sunday, October 24, 2010

အမျိုးသားညီညွတ်ရေး.....!

အမျိုးသားညီညွတ်ရေးဘာကြောင့်မရ ပဲ..အမြဲတမ်း ကွဲပြဲနေရတာပါလဲ ..?

အဓိက တချက် ကတော့ မြန်မာတွေ အသင်းအပင်း အဖွဲ့ အစည်း နဲ့  အလုပ် လုပ် တာ
မယဉ်ပါးကြသေး လို့ ပါပဲ..။

ဒီ ကိစ္စ မှာ အနှစ်သာရ ပိုင်း ကို တိုက် ရိုက် ပြောရရင်…မြန်မာ့ လူ့  အဖွဲ့ အစည်း ဟာ
မြေယာ လူ့  အဖွဲ့ အစည်း မှာ ပဲ ရှိနေသေး ဆဲ ဖြစ် နေ လို့ ပါ ပဲ ..။

အရင်းရှင် လူ့  အဖွဲ့ အစည်း မှာ တော့ ဖြင့် ရင်..ကုန်ထုတ်လုပ်ငန်း နဲ့  ကုန်စည်ကူးသန်းရောင်းဝယ်
ရေးတွေမှာ .. အသင်းအပင်း အဖွဲ့ အစည်း နဲ့  ဆက်ဆံမှု ဓလေ့ ထွန်းကားပြီး…စည်းကမ်းဥပဒေ..

စည်းစနစ် နဲ့  အချိန် ကို လေးစားမှု တွေ ပါ …စံ နဲ့  တန်ဘိုး ဖြစ်လာ တော့ တယ်..။
လူ့  အဖွဲ့ အစည်း ချင်း ခြားနား ရင် လူတန်းစား ပဋိပက္ခ ပုံစံ ချင်း ပါ ခြားနား လေ့ရှိ ပါ တယ်..။
စီးပွားရေး ဖြစ်ပေါ် တိုးတက်မှု ရဲ့  အကျိုး ဆက် လူတန်းစား ဖြစ်ပေါ် တိုးတက်မှု ပါ ပဲ..။

ဒါ ကြောင့် …..
အများစု ကြီး အနေ နဲ့ …အစု အဖွဲ့  အသင်း ဘုံလုပ်ငန်း တဦးချင်းစီ ရဲ့  တန်ဘိုး…စတာတွေကို..
ကောင်းစွာ နားလည် သဘောပေါက် နိုင် စွမ်း အလွန်တရာ နည်းပါးပြီး .. တသွေးတသံတမိန့် ..
ဆို တဲ့ မြေယာ လူ့  အဖွဲ့ အစည်း ရဲ့  စရိုက် နဲ့  အလေ့အကျင့် ကို သာ …ကျင့်သားရ..ခံယူ..
ကာ ပျပ်ဝပ်ရိုကျိုးရေး ၊ အမိန့် နာခံရေး ၊ သူရဲကောင်း သူတော်ကောင်း ကိုးကွယ်ရေး …စတဲ့..
မြေရှင် လူ့  အဖွဲ့ အစည်း ဓလေ့စရိုက် တို့  ကို..လိုလိုလားလား…လက်ခံကျင့်ကြံ နေကြတာပါ..။



ဒါ ကြောင့် …..
အုပ်စိုးသူ ရော အုပ်စိုးခံ ရော …အစိုးရ ပိုင်း ရော ပြည်သူ ပိုင်း ရော…..
အာဏာရ ရော အာဏာမဲ့ ရော….
ဘက် နှစ် ဖက် စလုံး မှာ..
မြေရှင် လူ့  အဖွဲ့ အစည်း ရဲ့  ဓလေ့စရိုက် သွင်ပြင်လက္ခဏာ ရပ် တွေ ကို
ထင်ထင်ရှားရှား တွေ့ မြင် နေရနိုင် တာ…ရှင်း နေ တာ ပါပဲ…။
ဥပမာ တွေ နမူနာ တွေ…အသေးစိပ် ပြီး…
မြန်မာ့နိုင်ငံရေး သမိုင်း ကို ပုဂ္ဂလ ဓိဌာန် တွေ နဲ့ …ပြောပြနေ ဘို့ ..မလိုတော့ပါဘူး..။
အရိပ်ပြ အကောင် မြင်…အပွေးမြင် အပင် သိ နိုင် ကောင်း ပါ ရဲ့ …..။

ဝါဒ သဘောတရား ကိစ္စ ကို တော့ .. ဓမ္မ ဓိဌာန် လို့  ယူဆ ပြီး..ပြောပါရစေ…၊၊
မြန်မာ့နိုင်ငံရေး မညီမညွတ် ဖြစ် ရ တာ…
လက်ဝဲ-လက်ျာ ပဋိပက္ခ ပါ..။
ဝါဒ သဘောတရား ကိစ္စ ပါ..။
လက်ဝဲ-လက်ျာ ၀ါဒ သဘောတရား ကို မှန်မှန်ကန်ကန်…မြန်မာတွေ မြင် တတ်ပြီလား…?
ကျောင်းသင်ရိုး သုတ လောက် နဲ့ …နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ လုပ်ကြ မယ် ဆိုရင်တော့……
မတွေးဝံ့ စရာ အနန္တ ပါ..။
မြန်မာ့ နိုင်ငံရေး ဂိုဏ်း ကြီး တွေ မှာ…….
ဘယ် ဂိုဏ်း ဘယ် ပါ တီ က လက်ျာ…….
ဘယ် ဂိုဏ်း ဘယ် ပါ တီ က လက်ဝဲ…….
သေချာစွာ မှန်ကန်စွာ
ခွဲခြား လို့  သိထားပြီးပါပြီ လား……?
လက်ဝဲ၀ါဒ ကြီးစိုးမှု…ယခုထိ…မြန်မာ့ လူ့  အဖွဲ့ အစည်း မှာ တည်ရှိ နေ ကြောင်း

ထို့ ကြောင့် ……
အမျိုးသားပြန်လည်သင့်မြတ်ရေး …..သည်…
NLD နှင့် တပ်မတော် ကြား ဆောင်ရွက်ရန် ကိစ္စ…ဟု
ထင် မှတ် မှား မနေ ကြ သင့်….ပေ…။
အမျိုးသားပြန်လည်သင့်မြတ်ရေး …..သည်…
လက်ဝဲ-လက်ျာ စေ့စပ် ညှိနှိင်းရေး သာ ဖြစ် ပါ ပေ ၏ ။
ဆက် ရန် ရှိ ဟု သာ မှတ် ပါ လော့ အို မိတ် ဆွေ…….!
ဤ သည် ပင် …..
အမျိုးသား ညီညွတ်ရေး ဟု ခေါ် ၏ …။ ။


October 25, 2010 12:19 AM


Ref : (Post)
http://drlunswe.blogspot.com/2010/10/blog-post_3412.html
Sunday, October 24, 2010
လိုအပ်နေသည့် ညီညွတ်ရေး (ဒေါက်တာလွဏ်းဆွေ)

အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး. (၄)

ကြိုဆိုပါတယ်…။

မိမိပါတီဝင်များ…လိုလားသူများ ကို ယခုလို

အမျိုးသားညီညွတ်ရေး လမ်းကြောင်းပေါ် တည့်မတ်ပေး လိုက် တဲ့ အတွက်..

ဝမ်းမြောက်ဝမ်းသာကြိုဆိုအပ်ပါတယ်..။

အမျိုးသားပြန်လည်သင့်မြတ်ရေး…တွေ့ဆုံဆွေးနွေး အဖြေရှာရေး ..တို့ ကို.. ကြိုဆိုလျှက်ပါ..။

ပုဂ္ဂိုလ်စွဲ..ဂိုဏ်းဂဏစွဲ..မထားပဲ.. ပြုပြင်ပြောင်းလဲရေး လမ်း…ကို..အတူ လျှောက်လှမ်းနိုင်ကြမယ်
ဆိုရင်တော့…အတိုင်းထက်အလွန် တံခွန် နဲ့  ကုက္ကား ပါ..။

အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး..ကို…..
စစ်ဖက်…အရပ်ဖက်..ခွဲခြားမနေပဲ…..
အတူပူးတွဲဆောင်ရွက်ကြမှ…ဖြစ်မယ်….လို့ ..ယုံကြည်မိကြောင်းပါ….။

(REFORMERS GROUP)

http://mahathuriya.blogspot.com

Ref:
http://moemaka.blogspot.com/2010/10/u-win-tin-we-will-be-political-force-in.html

Friday, October 22, 2010

Independent Nationalist Politicians' Announcement ( April 17th 2010)

PLEASE HELP US FOR THE SAKE OF BURMESE PEOPLE

We are Independent Nationalist Politicians who will not set up a political party and contest in the upcoming 2010 general election but will help anyone who would sincerely work for a Democratic Burma/Myanmar.

We are individual politicians who gather with the common intention of finding peaceful resolution to solve national problems that exist today in our country.

We will work unconditionally with Myanmar armed forces leaders, democratic forces and nationalities for a peaceful, developing and democratic united Myanmar.

We cordially and sincerely invited every one to join us in our endeavor to do so.
1. Amyotheryei U Win Naing, Politician
2. U Ye Kyaw Swa, Advocate
3. U Sein, Advocate
4. U Ko Myint, Advocate
5. U Zaw Win, Technician
6. U Sein Myint, retired Accountant
7. U Thoung Shein, retired officer, Department of Co-orps
8. U Kyaw Ze Ya, Private Business man
9. U Soe Thein, Private Business man
10. U Nay Myo Naing, former 88 student activist
11. U Tun , private businessman, Kamayut
12 Ko Than Tin Myint, Youth activist, Dala Township & etc.,


Our present and urgent program is ............................ ( full text was published on April 17th 2010)


THIS IS OUR POLITICAL DIPLOMACY MOVEMENT SINCE 1990-92.

SOME OF US HAD BEEN EXPIRED SINCE BEFORE 2010. THEY ARE FROM VARIOUS POLITICAL TRENDS & FACTIONS.
WE ALL HAD BEEN AND ARE STILL WORKING TOGETHER AS NATIONAL POLITICS NOT PARTY POLITICS.
WE STRONGLY BELIEVE IN “COMPROMISE, NEGOTIATION, DISCUSSION AND FINDING SOLUTIONS BY PEACEFUL MEANS."

OUR POLICY IS DEMOCRATIC REFORMATION FOR BURMA (MYANMAR).

OUR GOAL IS FOR PEACEFUL, PROSPEROUS & UNITED DEMOCRATIC BURMA (MYANMAR).


October 23, 2010


Ref:
http://www.facebook.com/pk.paradise#!/notes/peter-paradise/independent-nationalist-politicians-announcement-april-17th-2010/161528613869544

My Response :

Dear Mr. Myint Thein kyu

My response to your article is to suggest you to learn some news and views concerning with ‘US foreign policy towards Burma( Myanmar)” of this current Obama administration.

(1)

“The US official leading dialogue with Burma said Thursday he was thoroughly disappointed with the results but that engagement was the best option as the country prepares for controversial elections.”

US assistant secretary of state for East Asian affairs, Kurt Campbell

By AGENCE FRANCE-PRESSE
Published: 17 September 2010
US ‘thoroughly disappointed’: Kurt Campbell

http://www.dvb.no/elections/
us-thoroughly-disappointed-kurt-campbell/11824

……………….

(2)

“We expect engagement with Burma to be a long, slow, and step-by-step process. We will not judge the success of our efforts at pragmatic engagement by the results of a handful of meetings. Engagement for its own sake is obviously not a goal for U.S. policy, but we recognize that achieving meaningful change in Burma will take time.”

Testimony of Kurt Campbell
Assistant Secretary of State Bureau of East Asian and Pacific Affairs
U.S. Department of State

Before the Subcommittee on East Asian and Pacific Affairs Senate Foreign Relations Committee

September 30, 2009
(U.S. Policy Toward Burma)

………………………………

(3)

(Link )

http://www.nationsencyclopedia.com/Asia-and-Oceania/
Korea-Republic-of-ROK-HISTORY.html


Thursday, October 21, 2010
October 21, 2010 11:53 PM

Ref :
http://drlunswe.blogspot.com/2010/10/burmese-situation-calls-for.html
Burmese Situation Calls for International Empathy (Myint Thein Kyu)

Thursday, October 21, 2010

အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး…(၃)

NLD နဲ့  pro-nld.. တွေက…no vote…no vote..နဲ့ ….မဲမပေး..ဘို့ ..လှုံ့ ဆော်ကြတယ်..။

no vote ..ကို..ပြောစရာ..မရှိပါ..။

ဒါပေမယ့်……….
NLD..မဟုတ်တဲ့…နိုင်ငံရေးပါတီ..အဖွဲ့ အစည်း..အားလုံးကို…ရန်သူလိုသဘောထားလာခဲ့တယ်..။

ပါတီတွေထဲမပါတဲ့…နိုင်ငံရေးအင်အားတွေ…အများကြီးရှိနေသေးတယ်ဆိုတာ…သတိထားမိပုံမရဘူး.။
ရွေးကောက်ပွဲ..၀င်ရင်…စစ်အစိုးရဘက်ကလို့ ..စွပ်စွဲလာတယ်..။
လမ်းပြတ်ကမ်းပြတ်…အမျိုးသားချင်းစစ်ခင်းချင်..တာလား..?

NLD…နဲ့ .. ပြည်တွင်းပြည်ပ…pro-nld..တွေကို…ဂရုဏာသက်ရုံကလွဲရင်…nothing…ပါ..။
ကိုယ့်လမ်းကိုယ်လျှောက်ကြရုံပါ..။

NLD..ဟာ.. ဘ၀င်မြင့်..မာန်တက်လို့ ..လူထုတင်တဲ့စင်မြင့်ပေါ်က…ပြုတ်ကျခဲ့ပြီးပြီ…။
ဒါကို..သင်ခန်းစာ..မယူနိုင်သေးပဲ….ထပ်ကွန့် ပြီး..ငါနဲ့ မတူငါ့ရန်သူ…ဗကပ..မူ..ကို..
ကျင့်သုံးလာပြန်ပြီ..ဆိုရင်တော့….သေချာစဉ်းစားပါ….

နိုင်ငံရေး..ဆိုတာ..ကိုယ်ယုံတာကိုယ်လုပ်ကြတာနော်…။
ရေဆုံးရေဖျား..ပဲ..မှတ်ပါ..ပြတ်တယ်..။

အမျိုးသားပြန်လည်သင့်မြတ်ရေး..ကြွေးကြော်ပြီး…အလုံးစုံပျက်သုဉ်းရေးဦးတည်မယ်…
ဆိုရင်တော့..အမှားကြီးမှားလိမ့်မယ်..။

အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး…ဆိုတာကို.. အလုံးစုံပျက်သုဉ်းပြီးမှ..လုပ်မယ်..လို့ …..
ရည်ရွယ်ရင်တော့….လူထုရဲ့  ဒဏ်ခတ်တာ…သမိုင်းမှာ..ခံပေရော့..လို့ ပဲ..ကြိုပြောထားလိုက်ပါ့မယ်..။

October 9, 2010 1:41 PM
http://drlunswe.blogspot.com/2010/10/blog-post_09.html
Posted by စောတင်မောင်

Wednesday, October 20, 2010

လောကအမြင်နှစ်မျိုး

လောကအမြင်မှာ…အကောင်းမြင်..နဲ့ ..အဆိုးမြင်..၂မျိုးရှိတယ်..။
အကောင်းမြင်သမားက..လက်တွေ့ ..တကယ်လုပ်လို့ ရမှာကို..အခြေခံ..စဉ်းစားတယ်..။
အဆိုးမြင်သမားက..စိတ်ကူးယဉ်ပြီး.. လက်တွေ့ ..မှာ..လုပ်မဖြစ်နိုင်တာတွေအပေါ်.. အခြေခံ..စဉ်းစားတယ်..။

လူ့ အဖွဲ့ အစည်းတခု နဲ့ တခု..ခြားနားတာ…လူတန်းစားဖွဲ့ စည်းမှု..အသွင်လက္ခဏာ..မတူတာ..၊
သမိုင်းနောက်ခံ..နဲ့ ..လူမှုသမိုင်းရေးဖြစ်ပေါ်တိုးတက်မှု..အဆင့်..တွေ..ကွဲပြားခြားနား..တာ..၊
လူမျိုးနွယ်စုရေးရာ..အမျိုးသားရေးရာ..တပြည်..နဲ့ ..တပြည်…ထုံးစံဓလေ့.. အခြေခံ..ကစ. ခြားနားပါတယ်..။

မြန်မာပြည်..ကို…ဘယ်တိုင်းပြည်ဘယ်လူမျိုးကမှ…ကယ်တင်ပေးမှာ..မဟုတ်ပါ..။
မြန်မာပြည်..ကို…ဘယ်တိုင်းပြည်ဘယ်လူမျိုးကမှ..ကောင်းစားကြီးပွားအောင်..
လာလုပ်ပေးမှာ.. မဟုတ်ပါ..။
ဘယ်လူမျိုးဘယ်တိုင်းပြည်..ကတော့ဖြင့်… မြန်မာပြည်.. မြန်မာလူမျိုးကတွက်…ဘာလုပ်ပေးပါ့မယ်..ညာလုပ်ပေးပါ့မယ်…ဆိုတာ..အလကားပါ…။
ကိုယ်လူမျိုးကိုယ့်တိုင်းပြည်အတွက်…ကိုယ်တိုင်ပဲ…လုပ်ယူကြရလိမ့်မယ်…လို့ မှတ်ပါ..။

မြန်မာပြည်..ဒီမိုကရေစီရေးက…အချိန်တိုနဲ့တော့…အမေရိကန်ပြည်ထောင်စု..အဆင့်မရောက်နိုင်ပါ..။

http://freedomnewsgroup.com/2010/10/06/
ချူလာလောင်ကွန်တွင် မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဆွေးနွေး(ကိုဦး)October 6, 2010
October 6, 2010 at 9:56 am

Tuesday, October 19, 2010

Either Revolution or Reformation....! အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး(၂)...!

အဓိက က..
တော်လှန်ပြောင်းလဲရေး လမ်း လား ၊ ပြုပြင်ပြောင်းလဲရေး လမ်း လား..၊
ဒါ ကို ရွေးဘို့ ပါ..

Revolution လား….?

Reformation လား….?

ပုဂ္ဂိုလ်စွဲ..ဂိုဏ်းဂဏစွဲ..ဥပါဒါန်စွဲ နေ သမျှတော့..
ပြုပြင်ပြောင်းလဲရေး လမ်း…ကို…လျှောက်လှမ်းချင်လို့  လုံးဝမရနိုင်ပါ..။

Revolution is failed. တော်လှန်ပြောင်းလဲရေး.. လမ်းစဉ်..လုံးဝကျဆုံးခဲ့ပြီ..
ဆိုတဲ့ အချက် ကို...ကျေကျေနပ်နပ် ပြတ်ပြတ်သားသား…ခံယူနိုင် ဘို့ ကလဲ..ပထမ ပါ.။

စစ်ဖက် အရပ်ဖက် အတူ ပူးတွဲ ပြီး..လုပ် မှ ရ မယ့်….ပြုပြင်ပြောင်းလဲရေး လမ်း…သာဖြစ်တယ်..။

ဒါကို.. အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး..လို့ ..ရည်ညွှန်းအပ်ပါတယ်…။

October 19, 2010 9:01 PM

Monday, October 11, 2010

Open Letter (အိတ်ဖွင့်ပေးစာ)

အိတ်ဖွင့်ပေးစာ

ဦးဝင်းတင် ရဲ့  ဆောင်းပါး.ကို..လိုရင်းပဲ..တုန့် ပြန်လိုက်ပါတယ်..။

NLD နဲ့ တိုင်းပြည်ကို.တော်လှန်ပြောင်းလဲလိုသူတွေက.. ပြင်ပဖိအားနဲ့ ပြည်တွင်းက ငြိမ်းချမ်းစွာခုခံတွန်းလှန်မှုတွေ ပေါင်းစပ်ပြီး စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်အရောက် တွန်းပို့နိုင်…..ဘို့ ..လိုလားကြတယ်ဆိုတာတွေ့ ရတယ်..။

ပြည်တွင်းက ငြိမ်းချမ်းစွာခုခံတွန်းလှန်မှု…..ဆိုတာ….မကြာခင်..ရွေးကောက်ပွဲလွန်ကာလ..မှာ…
၁၉၈၈ လို..လူထုအုံကြွမှုကြီး… ပြည်တွင်းမှာ…ထပ်ဖြစ်စေချင်တာလား…?

ပြင်ပဖိအားကြောင့်…ပြည်သူတွေ..စုတ်ပြတ်သတ်..ငတ်မွတ်မွဲတေဆင်းရဲတွင်းနက်ပြီးမှ…
အုံကြွလာစေချင်တဲ့..သဘောလား…?

ပြင်ပဖိအားကြောင့်…စစ်အစိုးရ..နဲ့ ..သူ့ လူဘူဇွာတချို့ …ထိကောင်းထိတာရှိပေမယ့်…
တကယ်နစ်နာရတာ…အောက်ဆုံးဆင့်လူဆင်းရဲတွေ..ဆိုတဲ့အသိတရားလေးလောက်မှ…
မရှိတော့ဘူးလား…?

၁၇၈၉..ပြင်သစ်တော်လှန်ရေး..လို.. အောက်ဆုံးဆင့်လူဆင်းရဲတွေကို…ချနင်းပြီး…
ဒိမိုကရေစီတော်လှန်ရေး..ဆင်နွဲချင်တာလား…?

ပြင်သစ်မှာ..လူဝီ ၁၆..ခေါင်းပြတ်နန်းချခံခဲ့ရတာကို….အားကျတာလား…?
တော်လှန်ရေးသမားတွေ..အားလုံးလောက်…ခေါင်းဖြတ်စက်အောက်..အသက်ပျောက်ခဲ့ရတာ..
ကိုရော…သင်ခန်းစာ..ယူမိရဲ့ လား….?

နောက်ဆုံး…တော့…နပိုလီယံ ဘိုနာပတ်…ရဲ့ စစ်အာဏာသိမ်း (coup d'état )..…ခြငိးရဲ့ 
နိဂုံးချုပ်ပေးတာခံခဲ့ရတယ်….မဟုတ်လား….?

နောက်တကြိမ်…၁၈၄၈-၅၁ ပြင်သစ်မှာ..လူထုတော်လှန်အုံကြွကြပြန်တော့…..
သမိုင်းရေး..သင်ခန်းစာကို..လူမှုဝိဇာ အမြင် နဲ့ .. Karl Marx..က…ရေးသားတင်ဆက်ခဲ့ပြန်တယ်…။

The Eighteenth Brumaire of Louis Bonaparte by Karl Marx….ပါ…..။
ဖတ်ဖူးမှာပါ…ပြန်ဖတ်ပြီး…သင်ခန်းစာယူပါ…ပညာရှိသတိဖြစ်ခဲ..လို့ ..ဆိုစကား..ရှိကြောင်းပါ..။

သုတေသီ (REFORMERS GROUP)
Thursday, October 07, 2010


REF:
The military has no desire to talk. But if the international community seriously exercises strong and effective pressure on the regime, the combination of pressure from outside and peaceful resistance inside the country will force the regime to come to the dialogue table. (Excerpt)
Ref: “An Election Not Worthy of Support” by Win Tin - 2010-09-30 New York Times

စစ်အစိုးအပေါ်မှာ ပြင်းထန်ထိရောက်တဲ့ ဖိအားေ��ွကို အလေးထားဆောင်ရွက်သွားမယ်ဆိုရင် အဲဒီပြင်ပဖိအားနဲ့ ပြည်တွင်းက ငြိမ်းချမ်းစွာခုခံတွန်းလှန်မှုတွေ ပေါင်းစပ်ပြီး စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းပေါ်အရောက် တွန်းပို့နိုင်ပါလိမ့်မယ်။
ဖိုးဇော် ဘာသာပြန် အားမပေးထိုက်တဲ့ ရွေးကောက်ပွဲ (၀င်းတင် /၀၅ အောက်တိုဘာ၂၀၁၀)

http://www.khitpyaing.org/index.php?route=detail&id=4940


.............................................................................................................

Saturday, October 9, 2010

အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး.....!

အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး...

မဲမပေးကြနဲ့….no vote…! ဒီ..ကြွေးကြော်သံကို…ဥပဒေအမြင်အရရော…နိုင်ငံရေးရပ်တည်ချက်အရပါ..လက်ခံပါတယ်..။

ဒါပေမယ့်……NLD နဲ့  NLD လိုလားသူတွေက…လာမယ့်ရွေးကောက်ပွဲ…မှာ..
လက်ရှိစစ်အစိုးရရဲ့ ပါတီ(ကြံ့ခိုင်ရေး)…ယခင်..စစ်အစိုးရရဲ့ ပါတီ(တစည)…သူတို့ ကိုလိုလားတဲ့ပါတီတွေ…ကို..သာမက….
ဒီမိုကရေစီ..လိုလားတဲ့…ပါတီ..များကိုပါ..ဆန့် ကျင် ပုတ်ခတ် တိုက်ခိုက်လာခဲ့ပြီဖြစ်တယ်..။
ရိုင်းရိုင်းစိုင်းစိုင်း….ယုတ်ယုတ်ညံ့ညံ့..စကားလုံးကြမ်းကြမ်းရင့်ရင့်သီးသီး..စွပ်စွဲပြောဆိုလာခဲ့ကြပြီ..။

အမျိုးသားပြန်လည်သင့်မြတ်ရေး…တွေ့ ဆုံဆွေနွေးရေး…..ဆို….!

မြန်မာပြည်မှာ….NLD…တပါတီ..ထဲ…ရှိတယ်…လို့ …ဆိုချင်တာလား…..?
မှတ်ပုံမတင်လည်း….ပါတီ…ဆိုတာရှိတယ်လို့ …လက်ခံယုံကြည်ရင်…NLD…ဆိုတာ…
မနေ့ တနေ့ ကမှ..ပေါ်လာတာပါ။….ပြီးတော့...စဖွဲ့ ကတည်းက…ပျက်ပြီးသားပါလို့ …၁၉၈၈..ကတည်းက..ပြောပြီးသားပါ..။

တဆက်ထဲပြောလိုက်ပါ့မယ်….

၁၉၈၈…လူထုအုံကြွမှုကြီး…က…NLD…ဦးဆောင်ခဲ့တာ..မဟုတ်ကြောင်းပါ..၊
စစ်တပ်က…၁၉၀၅ မှာ..ဇာဘုရင်…Duma လွှတ်တော်ပေးသလို…ပေးတာ..ခေါင်းလျှိုဝင်ခဲ့တာ…
NLD က…ရှေ့ ဆုံးကပါ…။
ဘာလို့ …အမျိုးသားညီညွတ်ရေး ကို..ရှေ့  မရှုပဲ….ရန်ဘက်လုပ်လာရတာလဲ…?


လိုရင်းနဲ့ အနာဂတ်ရေး..ပဲ..ပြောပါ့မယ်…..
မြန်မာပြည်…ချမ်းသာကြွယ်ဝပြီး…လူတိုင်းအသက်ရှုချောင်စေချင်ရင်….
အမျိုးသားညီညွတ်ရေး..နဲ့ ..တိုင်းပြည်ထူထောင်ရေး..ကို…..
စစ်ဖက်…အရပ်ဖက်..ခွဲခြားမနေပဲ…..
အတူပူးတွဲဆောင်ရွက်ကြမှ…ဖြစ်မယ်….။

(REFORMERS GROUP)
Friday, October 08, 2010