Sunday, October 24, 2010

အမျိုးသားညီညွတ်ရေး.....!

အမျိုးသားညီညွတ်ရေးဘာကြောင့်မရ ပဲ..အမြဲတမ်း ကွဲပြဲနေရတာပါလဲ ..?

အဓိက တချက် ကတော့ မြန်မာတွေ အသင်းအပင်း အဖွဲ့ အစည်း နဲ့  အလုပ် လုပ် တာ
မယဉ်ပါးကြသေး လို့ ပါပဲ..။

ဒီ ကိစ္စ မှာ အနှစ်သာရ ပိုင်း ကို တိုက် ရိုက် ပြောရရင်…မြန်မာ့ လူ့  အဖွဲ့ အစည်း ဟာ
မြေယာ လူ့  အဖွဲ့ အစည်း မှာ ပဲ ရှိနေသေး ဆဲ ဖြစ် နေ လို့ ပါ ပဲ ..။

အရင်းရှင် လူ့  အဖွဲ့ အစည်း မှာ တော့ ဖြင့် ရင်..ကုန်ထုတ်လုပ်ငန်း နဲ့  ကုန်စည်ကူးသန်းရောင်းဝယ်
ရေးတွေမှာ .. အသင်းအပင်း အဖွဲ့ အစည်း နဲ့  ဆက်ဆံမှု ဓလေ့ ထွန်းကားပြီး…စည်းကမ်းဥပဒေ..

စည်းစနစ် နဲ့  အချိန် ကို လေးစားမှု တွေ ပါ …စံ နဲ့  တန်ဘိုး ဖြစ်လာ တော့ တယ်..။
လူ့  အဖွဲ့ အစည်း ချင်း ခြားနား ရင် လူတန်းစား ပဋိပက္ခ ပုံစံ ချင်း ပါ ခြားနား လေ့ရှိ ပါ တယ်..။
စီးပွားရေး ဖြစ်ပေါ် တိုးတက်မှု ရဲ့  အကျိုး ဆက် လူတန်းစား ဖြစ်ပေါ် တိုးတက်မှု ပါ ပဲ..။

ဒါ ကြောင့် …..
အများစု ကြီး အနေ နဲ့ …အစု အဖွဲ့  အသင်း ဘုံလုပ်ငန်း တဦးချင်းစီ ရဲ့  တန်ဘိုး…စတာတွေကို..
ကောင်းစွာ နားလည် သဘောပေါက် နိုင် စွမ်း အလွန်တရာ နည်းပါးပြီး .. တသွေးတသံတမိန့် ..
ဆို တဲ့ မြေယာ လူ့  အဖွဲ့ အစည်း ရဲ့  စရိုက် နဲ့  အလေ့အကျင့် ကို သာ …ကျင့်သားရ..ခံယူ..
ကာ ပျပ်ဝပ်ရိုကျိုးရေး ၊ အမိန့် နာခံရေး ၊ သူရဲကောင်း သူတော်ကောင်း ကိုးကွယ်ရေး …စတဲ့..
မြေရှင် လူ့  အဖွဲ့ အစည်း ဓလေ့စရိုက် တို့  ကို..လိုလိုလားလား…လက်ခံကျင့်ကြံ နေကြတာပါ..။



ဒါ ကြောင့် …..
အုပ်စိုးသူ ရော အုပ်စိုးခံ ရော …အစိုးရ ပိုင်း ရော ပြည်သူ ပိုင်း ရော…..
အာဏာရ ရော အာဏာမဲ့ ရော….
ဘက် နှစ် ဖက် စလုံး မှာ..
မြေရှင် လူ့  အဖွဲ့ အစည်း ရဲ့  ဓလေ့စရိုက် သွင်ပြင်လက္ခဏာ ရပ် တွေ ကို
ထင်ထင်ရှားရှား တွေ့ မြင် နေရနိုင် တာ…ရှင်း နေ တာ ပါပဲ…။
ဥပမာ တွေ နမူနာ တွေ…အသေးစိပ် ပြီး…
မြန်မာ့နိုင်ငံရေး သမိုင်း ကို ပုဂ္ဂလ ဓိဌာန် တွေ နဲ့ …ပြောပြနေ ဘို့ ..မလိုတော့ပါဘူး..။
အရိပ်ပြ အကောင် မြင်…အပွေးမြင် အပင် သိ နိုင် ကောင်း ပါ ရဲ့ …..။

ဝါဒ သဘောတရား ကိစ္စ ကို တော့ .. ဓမ္မ ဓိဌာန် လို့  ယူဆ ပြီး..ပြောပါရစေ…၊၊
မြန်မာ့နိုင်ငံရေး မညီမညွတ် ဖြစ် ရ တာ…
လက်ဝဲ-လက်ျာ ပဋိပက္ခ ပါ..။
ဝါဒ သဘောတရား ကိစ္စ ပါ..။
လက်ဝဲ-လက်ျာ ၀ါဒ သဘောတရား ကို မှန်မှန်ကန်ကန်…မြန်မာတွေ မြင် တတ်ပြီလား…?
ကျောင်းသင်ရိုး သုတ လောက် နဲ့ …နိုင်ငံရေး ခေါင်းဆောင်ကြီးတွေ လုပ်ကြ မယ် ဆိုရင်တော့……
မတွေးဝံ့ စရာ အနန္တ ပါ..။
မြန်မာ့ နိုင်ငံရေး ဂိုဏ်း ကြီး တွေ မှာ…….
ဘယ် ဂိုဏ်း ဘယ် ပါ တီ က လက်ျာ…….
ဘယ် ဂိုဏ်း ဘယ် ပါ တီ က လက်ဝဲ…….
သေချာစွာ မှန်ကန်စွာ
ခွဲခြား လို့  သိထားပြီးပါပြီ လား……?
လက်ဝဲ၀ါဒ ကြီးစိုးမှု…ယခုထိ…မြန်မာ့ လူ့  အဖွဲ့ အစည်း မှာ တည်ရှိ နေ ကြောင်း

ထို့ ကြောင့် ……
အမျိုးသားပြန်လည်သင့်မြတ်ရေး …..သည်…
NLD နှင့် တပ်မတော် ကြား ဆောင်ရွက်ရန် ကိစ္စ…ဟု
ထင် မှတ် မှား မနေ ကြ သင့်….ပေ…။
အမျိုးသားပြန်လည်သင့်မြတ်ရေး …..သည်…
လက်ဝဲ-လက်ျာ စေ့စပ် ညှိနှိင်းရေး သာ ဖြစ် ပါ ပေ ၏ ။
ဆက် ရန် ရှိ ဟု သာ မှတ် ပါ လော့ အို မိတ် ဆွေ…….!
ဤ သည် ပင် …..
အမျိုးသား ညီညွတ်ရေး ဟု ခေါ် ၏ …။ ။


October 25, 2010 12:19 AM


Ref : (Post)
http://drlunswe.blogspot.com/2010/10/blog-post_3412.html
Sunday, October 24, 2010
လိုအပ်နေသည့် ညီညွတ်ရေး (ဒေါက်တာလွဏ်းဆွေ)